top of page

လက်တွဲဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ

ကျွန်တော်တို့ရဲ့နယ်ပယ်မှာ အခြားတိုးတက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လက်တွဲဆောင်ရွက်ရတာ ကို ဂုဏ်ယူပါတယ်။ ဒီကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်တာဟာ ထုပ်ပိုးရေးလုပ်ငန်းကို ရှေ့ဆက်အောင်မြင်မှုတွေကို ဖြစ်ထွန်းစေမှာပါ။

Sushi Avenue Inc.

Sushi Avenue ဟာ မိသားစုပိုင် ပုဂ္ဂလိကဆူရှီကုမ္ပဏီဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကုန်တိုက်တွေ၊ တက္ကသိုလ်တွေ နဲ့ အစားအသောက်ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် လတ်ဆတ်တဲ့ ဆူရှီတွေကို အစအဆုံး တာဝန်ယူ လုပ်ဆောင်ပေးနေပါတယ်။ ဆူရှီလုပ်ငန်းမှာ လုပ်ငန်းအတွေ့အကြုံ (၁၈) နှစ်ကျော်ရှိတဲ့ ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ စီအီးအိုကတော့ ဦးနေလှနဲ့ သူရဲ့ အစ်ကိုဖြစ်သူ ဦးနေလင်း (စီအိုအို) တို့က Sushi Avenue ကို (၂၀၀၄) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ကုမ္ပဏီကို နိုင်ငံအဝှမ်း ဆူရှီလုပ်ငန်းလောကမှာ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်အောင် အတူတကွ လုပ်နိုင်ခဲ့ပါတယ်။

Masu Sushi and Robata

Masu Shushi&Robata သည် ဆုရထားတဲ့ ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ဆူရှီ၊ ခေါက်ဆွဲ၊ အကင်နဲ့ အခြား အရံအစားအသောက်တွေကို ထုတ်လုပ်ပြီး အပြည့်အဝ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ Masu Sushi&Robata စားသောက်ဆိုင်သည် Minnesota ပြည်နယ်မှာ ဆူရှီနဲ့ပတ်သက်တဲ့ အစားအစာအမယ်တွေ အားလုံးရနိုင်တဲ့ တစ်ခုတည်းသော ဆိုင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ Bon Appetite မဂ္ဂဇင်းက Masu Sushi&Robata ကို အမေရိကန်နိုင်ငံမှာ အကောင်းဆုံး ဆူရှီဆိုင်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ Masu အမှတ်တံဆိပ်ကို Sushi Avenue နဲ့ James-Beard ဆုရရှိသူ စားဖိုမှူး Tim Mckee တို့က စျေးကွက်ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Shea, Inc. တို့နဲ့ အတူ ဖန်တီးလုပ်ဆောင်ခဲ့ပါတယ်။

One Two Three Sushi Holding LLC

One Two Three ဆူရှီဆိုင်မှာ လာရောက်စားသုံးတဲ့ ဧည့်သည်တွေအနေနဲ့ ဟင်းခတ်ပစ္စည်းတွေကို လွတ်လပ်စွာရွေးချယ်နိုင်ပြီး၊​ မိမိတို့စားသုံးမယ့် အစားအစားတွေမှာ ကြိုက်နှစ်သက်ရာ အရသာနဲ့ အဟာရတွေကို ထည့်ခိုင်းပြီး  မှာယူနိုင်သည်။ One Two Three ဆူရှီဆိုင်မှာ ရိုးရာဆူရှီအစားအစာတွေထဲက လူကြီးမင်း ကြိုက်နှစ်သက်တဲ့ ဟင်းခတ်ပစ္စည်းတွေကို ရွေးနိုင်ပြီး အရသာသစ်ပါတဲ့ဟင်းလျာတစ်ခုကို ထပ်ထည့်နိုင်တဲ့အတွက် လူကြီးမင်းစိတ်ကြိုက် လွတ်လပ်စွာရွေးချယ်ခွင့်ကို ပေးပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝကို  အရသာအသစ်တွေ၊ စိတ်လှုပ်ရှားမှုတွေ ပေါင်းထည့်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် One Two Three ဆူရှီဆိုင်ရဲ့ မြန်ပြီးသက်တင့်သက်သာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးဟာဆိုရင် လျှင်မြန်စွာတိုးတက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ ခေတ်မှီလူနေမှုဘဝနဲ့ ကိုက်ညီမှုရှိလှပါတယ်။ One Two Three ဆူရှီ စားသောက်ဆိုင်မှာ လူကြီးမင်းစိတ်ကြိုက်အတိုင်း မှာယူနိုင်ပြီး မိနစ်အနည်းငယ်အတွင်းမှာ ရနိုင်ပါတယ်။ ဆူရှီအပြင် အခြားအစားအသောက်တွေ မှာချင်ပါသလား။ ဂျပန်အသားခေါက်ဆွဲပွဲ၊ ပေါက်စီ နဲ့ ထမင်းပွဲတွေ အပါအဝင် အခြားအရသာရှိလှတဲ့ ဂျပန်အစားအစာတွေကို စားသုံးကြည့်လိုက်ပါ။ One Two Three ဆူရှီသည် စေတနာအပြည့်နဲ့ ပြုလုပ်ထားတဲ့ ဆူရှီဖြစ်ပြီးတော့ လူကြီးမင်းကိုယ်တိုင် ဖန်တီးထားတဲ့လက်ရာ ဖြစ်ပါတယ်။

Packaging Avenue LLC

Packaging Avenue သည် ကုန်တိုက်ဆူရှီကုမ္ပဏီတစ်ခုဖြစ်တဲ့ Sushi Avenue က အပြည့်အဝပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဆူရှီထုပ်ပိုးရေးပစ္စည်းတွေကို နှစ်အတန်ကြာ ကမ္ဘာတစ်ဝှမ်းလုံးက မှာယူပြီးနောက် ကျွန်တော်တို့ကိုယ်တိုင် ထုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေး စက်ရုံဟာ မြန်မာနိုင်ငံမှာ ရှိပြီး ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံရှိ ဂိုဒေါင်ကြီး (၂) လုံးမှာ သိုလှောင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က Sushi Avenue ကုမ္ပဏီဟာ ကျွန်တော်တို့ရဲ့ ဆိုင်ပေါင်း (၃၀၀) ကျော်မှာ ဒီထုပ်ပိုးရေးပစ္စည်းတွေကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

SAV_Logo.png
Masu_CMYK.jpg
123 Sushi Logo Horizonatal.png
PackagingAveLLC Logo-Stacked-17.png
bottom of page